My Native Town
အမေရေရင် နတ်သမိုင်း ပထမမူကွဲ(၁)
အမေရေရင် နတ်သမိုင်းမှာ ဒီမူကွဲဟာ လူသိများလှတဲ့ မူကွဲဖြစ်သလို စိတ်ဝင်စားစရာအချိုးအကွေ့များနဲ့ စိတ်လှုပ်ရှားဖွယ် ဇတ်လမ်း တစ်ပုဒ်လည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီမူကွဲကို ဗွီဒီယိုသမားများက ယူပြီး ရိုက်ဖြစ်ခဲ့ဟန် တူပါသည်။ ဒါပေမယ့် ကျွန်တော်တို့ ယင်းမာပင်သူ/သား များ ယုံကြည်ကိုးကွယ်နေတဲ့ အမေကြီးရဲ့အချက်အလက်တွေနဲ့ ကွဲပြားခြားနားမှု များစွာရှိနေပါ တယ်။ ပထမဆုံး “ကို K-thar” ရဲ့ ဘလော့မှ ဖော်ပြထားတဲ့ အမေရေရင် အကြောင်းလေး [နတ်သမိုင်း ဒဏ္ဍာရီ ( အမေရေရင် )] ကို ကူးယူဖော်ပြချင်ပါတယ်။ ဒီဇာတ်လမ်းပိုစ့်လေးကို ၂၀၀၈ စက်တင်ဘာတွင် ပြန်လည်စုစည်းထုတ်ဝေသော မြန်မာဝတ္ထုတို (၂၀၀၁ - ၂၀၀၅) စာအုပ် စာ-၁၁ ၊စတိုင်သစ် နိုဝင်ဘာ ၂၀၀၄ ရေးသားသူ-ကိုဆွေ “အမေ ပျော်တယ် သားတို့ရေ” မှ ထုတ်နုတ် ထားခြင်း ဖြစ်သည် ဟု “ကို K-thar” က ဝန်ခံထားပါတယ်။
ပခုက္ကူဘက်က ပုံညာတောင်ပေါ်မှာ ရှိတဲ့ အမေရေရင် ဇာတ်လမ်းလေးကို ပြောပြမယ်။
အလောင်းစည်သူမင်းကြီး လက်ထက်မှာ မြို့ စား၊ရွာစားတွေဟာ ကိုယ့်ဒေသကထွက်တဲ့ ပစ္စည်းတွေကို နှစ်တိုင်းဘုရင့်ဆီ ဆက်သ ရတယ်။ တောင်ဦးစား ဆိုတဲ့ မြို့စားကြီးမှာ ညီမလေးယောက်ရှိတယ်။ ရှင်ဦး ၊ ရှင်ဗြူး ၊ ရှင်ကြူး နဲ့ ရှင်တူး။ ရှင်တူး ဆိုတဲ့ ညီမ အငယ်ဆုံးကို စောနန်းမွန် လို့လည်း ခေါ်တယ်။
တောင်ဦးစားနဲ့ ညီမလေး လေးယောက်ဟာ သူတို့ဒေသထွက်ကုန် ဆီကို အိုးနဲ့ ထည့်ပြီး အလောင်းစည်သူမင်းကြီးဆီကိုဆက်ဖို့ နန်းတော်ထဲကို ဝင်ခဲ့ကြတယ်။ စောနန်းမွန် က ဆီအိုးကြီး ခေါင်းပေါ်ရွက်လို့ပေါ့။ နန်းထဲအဝင်မှာ တံခါးမှူးတွေက ရစ်ပြီ။ ဆီအိုးမှန်း သိလျက်နဲ့ ရိသဲ့သဲ့လုပ်၊ အထဲမှာ ဘာတွေပါလဲလို့ မြို့ ဝန်က ရစ်တော့တာပဲ။ စောနန်းမွန် က စိတ်လည်း အလွန်ထက်တယ်။ သူပြောသမျှလည်း အကုန်ဖြစ်တယ် ဆိုပဲ။ ခနိုးခနဲ့ လုပ်ပါများတော့ “ဆီ မဟုတ်ဘူးဟေ့၊ မြွေ မြွေတွေ မှတ်ထား” ဆိုပြီး ဒေါနဲ့ ပြောလိုက်တယ်။ ဒါဆို စစ်ဆေးမယ်၊ ဖွင့်ပြဆိုပြီး မြို့ ဝန်တို့လူစုက ဆီအိုးကြီးကို ဖွင့်တော့တာပေါ့။ အထဲမှာ ဆီတွေက တကယ်ပဲ မြွေတွေ ထွက်လာပြီး မြို့ဝန်ကို ကိုက် မြို့ ဝန် သေရော။
ဒါနဲ့ အလောင်းစည်သူမင်းကြီးဟာ စောနန်းမွန်ကို ဖမ်း၊ သတ်စေလို့ အမိန့်ထုတ်လိုက်တယ်။ စောနန်းမွန် ဧရာဝတီမြစ်ကို ကူးပြီး မြောက်အရပ်ကို ထွက်ပြေးတယ်။ မင်းကြီးရဲ့တပ်တွေ၊ ဆင်တွေနဲ့ လိုက်ပြီးနင်းတယ်။ စောနန်းမွန်ရဲ့  ပညာစွမ်းနဲ့ ဆင်တွေကို သေစေတယ်။ ဆင်နဲ့ နင်းခိုင်းတာမရလို့ ကျားကို လွှတ်ပေးတယ်။ ကျားက မကိုက်ပဲ စောနန်းမွန်ကို ကျောပေါ်တင်ပြီး ပို့ပေးတယ်။ ဘုရင်က စောနန်းမွန်ရဲ့ အစ်ကိုကြီးတောင်ဦးစားကို ကိုယ်တိုင်ဖမ်းပေး၊ စောနန်းမွန်ကို အပ်ရမယ်လို့ ခိုင်းပြန်ရော။ တောင်ဦးစား လည်း ဖမ်းမပေးဘဲ ထွက်ပြေးတော့ ရှင်ဦး၊ ရှင်ဗြူး၊ ရှင်ကြူး သုံးယောက်ကို မီးလောင်တိုက်သွင်းဖို့ အမိန့်ထုတ်လိုက်တယ်။ ဒါပေမယ့် ယင်းမာပင်နယ်သားတွေ လာကယ်ပြီး အဲ့ဒီအစ်မသုံးယောက်လည်း နတ်ဖြစ်သွားတယ်။
စောနန်းမွန်က ပုံတောင်ပုံညာဒေသ အထိတက်သွားပြီး ပုဂံနေပြည်တော်ကြီးကို ငါကိုယ်တိုင် ဖျက်စီးမယ်ဟေ့ လို့ ကြိမ်းဝါးရင်း မြေကြီးကို ဖနောင့်နဲ့ပေါက်လိုက်တာ ရေတွေထွက်လာတယ်။ အမေရင် လမ်းသွားတုန်း ဖနောင့်နဲ့ စိတ်လိုက်မာန်ပါ ပေါက်ခဲ့တဲ့ နေရာတွေမှာ ရေတွေပန်းထွက်နေတာ ခုထိပဲ...။ ဒါကြောင့် စောနန်းမွန်ကို ရေရဲ့အရှင် အမေရေရင်လို့ ခေါ်တာပေါ့။ ထူးခြားတာ တစ်ခုက တခြားနတ်တွေက ဥပစ္ဆေဒကံနဲ့ အသေဆိုးနဲ့သေပြီးမှ နတ်ဖြစ်ကြတာ...။ အမေရေရင်က မသေဘဲ ဖြစ်တဲ့နတ်၊ အမေရေရင်ဟာ ပုံတောင် ပုံညာတောင်ကြီးနှစ်လုံးပေါ်တက်သွား ဟိုဘက်ကူး ဒီဘက်ကူးလုပ်ပြီး တိမ်ညွန့်ကို စားနေတယ် လို့ ပြောကြတာပဲ။
ပုဂံနိုင်ငံတော်ကြီးကို စိတ်နာပြီး ငါ့တောင်ခြေက ရေတွေဟာ ပုဂံနိုင်ငံဆီ မစီးရဘူးလို့ ကြိမ်းဝါးလိုက်တာနဲ့ ရေတွေ ပြောင်းပြန်စီး လို့ အခုတွေ့ကြရတဲ့ အတိုင်းပဲ တဲ့...။ ဆန့်ကျင်ဘက်ဖြစ်တဲ့ တောင်က မြောက်ကို မြစ်သာမြစ်ရေတွေ စီးသွားတယ်။ သိကြားမင်း ကြားဝင်ပြီး စောနန်းမွန်ရဲ့ ပညာရပ်တွေကိုအလှူခံ၊ အလောင်းစည်သူလို သာသနာပြုမင်းနဲ့ ရင်ကြားစေ့ပေးလို့ စောနန်းမွန် မသေဘဲ နတ်ဖြစ်သွားတယ်။
ချင်းတွင်းမြစ်အတိုင်း ဖောင်စကြာနဲ့ အလောင်းစည်သူတိုင်းခန်းလှည့်လည်လာတော့ ကိုယ်ယောင်ပြပြီး တားတာနဲ့ မင်းကြီးက ပုလဲနယ် နဲ့ ပုံတောင်ပုံညာဒေသကို အပိုင်စားပေးလိုက်တာ ခုထိနတ်ယုံကြည်သူတွေ ကိုးကွယ်နေရတာပေါ့။
ဒီမူကွဲဇတ်လမ်းကိုပဲ “ခင်မောင်သန်း(စိတ်ပညာ)” ရေးတဲ့ “ရိုးရာနတ်ယုံကြည်မှုနှင့် ဓလေ့ထုံးစံများ” စာအုပ်ထဲမှာတော့ အောက်ပါ အတိုင်း ရေးသားထားတာကို တွေ့ရပါတယ်။ တူတော့ အတူတူပါပဲ၊ ဒါပေမယ့် “ခင်မောင်သန်း(စိတ်ပညာ)” ရဲ့ စာအုပ်မှာပါတဲ့ ဇတ်လမ်းက ပိုအသေးစိတ်ပြီး အချက်အလက်အနည်းငယ်ကွဲပြားပါတယ်။
ပုဂံပြည့်ရှင် မဏိစည်သူမင်းကြီး၏ မြောက်နန်းမိဘုရားမှာ စုန်းမ နာဂသိန် ဖြစ်သည်။ တစ်ညတွင် နာဂသိန် စုန်းတောက်စား နေခိုက် ယောကတော် ရှင်ဦး၊ မောက်ဘက်ရှင်မ ရှင်ဗြူး၊ ဆည်ကတော် ရှင်ကြူး၊ အငယ်ဆုံးညီမ ရှင်ထူးတို့နှင့် တွေ့ဆုံသည်။ နာဂသိန်နှင့် စကားပြောဆိုကြရာ အပြောအဆို မောက်မာသည့်အတွက် စိတ်မြန်သော ရှင်ထူးက စက်(စုန်းကြိုး)ကို ဖြတ်ချလိုက် သည်။
ပညာချင်း မပြိုင်ဆိုင်နိုင်သောကြေင့် နာဂသိန် အကောက်ကြံသည်။ ကထူးကနန်းဒေသမှ ပဗ္ဗရာဇာနှင့်နှမများ မိမိဒေသထွက်ကုန် ပစ္စည်းများကို ကိုယ်တိုင်ရွက်လျက် ကန်တော့လက်ဆောင် လာရောက်ဆက်သကြရမည်ဟု အမိန်တော်ထုတ်ပြန်သည်။
ဘုရင့်အမိန့်တော်အတိုင်း မောင်နှမငါးယောက် ပုဂံပြည်သို့ လာရောက်ကြရသည်။ အငယ်ဆုံး ညီမ ရှင်းထူးခေါ် စောနန်းမွန်မှာ ဆီအိုးများ မနိုင်မနင်း ခေါင်းဖြင့်ရွက်လျက် နောက်ဆုံးမှ လိုက်ပါလာသည်။ မြို့အဝင်တွင် လှန်လှောစစ်ဆေးရာ ဆီအိုးအတွင်းမှ မြွေထွက်လာပြီး မြို့ဝန်ကို ကိုက်တော့သည်။ မြို့ဝန်သေမှုအတွက် စောနန်းမွန်အား မောင်အရင်းဖြစ်သူ တောင်ဦးနယ်စား ကိုယ်တိုင် သတ်ရမည်ဟု ဘုရင်က စီရင်ချက်ချမှတ်သည်။
တောင်ဦးနယ်စားက စောနန်းမွန်ကို မသတ်နိုင်ဟု ငြင်းဆိုသည်။ အမိန့်ကိုမနာခံ့ပါက ကလန်ကြီးက ထိုမောင်နှမအား ကွပ်မျက်စေ ဟု အမိန့်တော်ချမှတ်သည်။
တောင်ဦးနယ်စားနှင့် စောနန်းမွန်အား ဆင်ဖြင့် နင်းသတ်သည်။ စောနန်းမွန် စုန်းစိတ်ဝင်လာကာ ဆင်ကို အစွယ်ချိုးသတ်ပစ် လိုက်သည်။ ထိုအခါ အာဏာသားတို့က ကျားဆိုးကိုလွှတ်ပြီး ကျားစာကျွေးသည်။ စောနန်းမွန်ပါ ကျားစိတ်ဝင်သွားပြီး ကျားကို ကိုက်စားပစ်၏။ အစောင့်နှင့် အာဏာသားတို့ကိုပါ လိုက်လံကိုက်သတ်ပြီး ကျားအဖြစ်နှင့် စောနန်းမွန် ထွက်ပြေးလွတ်မြောက် သွားသည်။
လူအဖြစ်မှ ကျားဘဝသို့ ပြောင်းလဲသွားသော စောနန်းမွန်အား ဖမ်းဆီးရန် မောင်ကြီးဖြစ်သူ တောင်ဦးနယ်စားအား ဘုရင်ကြီးက တာဝန်ပေးသည်။ ဓားနှင့် ကြိမ်ကို ပေးပြီး ခုနှစ်ရက်အတွင်း စောနန်းမွန်၏ အလောင်းကို ယူခဲ့ရန်နှင့် မဆောင်ရွက်နိုင်ပါက ကျန်ညီအစ်မသုံးဦးအား မီးလောင်တိုက်သွင်းမည့်အကြောင်း ဘုရင်ကြီးက အမိန့်ထုတ်ပြန်၏။
စောနန်းမွန်မှာ ပုံတောင်ပုံညာဒေသသို့ ရောက်သွားသည်။ မောင်ကြီးဖြစ်သူ တောင်ဦးနယ်စားနှင့် တွေ့ပြီး အကြောင်းစုံသိရသည်။ ဒေါသအလွန်ထွက်ပြီး ပုဂံပြည်အား ဖျက်ဆီးပစ်ရန် ထွက်ခွာသွား၏။ မောင်ကြီးက လိုက်လံတားဆီးရာတွင် တောင်အောက်ကျ သွားသည်။ သာသနာထွန်းကားသည့် ပုဂံပြည်ကြီးအား ဖျက်ဆီးမပစ်ရန် သိကြားမင်းက ဝင်၍တားဆီးသည်။ ထိုကြောင့် စောနန်းမွန်မှာ ပုဂံကို မဖျက်ဆီးဖြစ်ပေ။ သိကြားက တားမြစ်ရုံမကဘဲ စုန်းပညာများကိုအလှူခံကာ စောနန်းမွန်အား ဝိဇ္ဇမယသိဒ္ဓိရှင်အဖြစ် ပြောင်းလဲပေးလိုက်သည်။
စောနန်းမွန်သည် သိကြားမင်းအား မလွန်ဆန်ရဲ၍ စုန်းကဝေပညာကို လှူလိုက်ရသော်လည်း အလွန်ပင်နှမြောရှာသည်။ နှမြော လည်း နှမြော၊ ယူကျုံးမရလည်း ဖြစ်ကာ၊ မြေကို ဖနောင့်ဖြင့် ပေါက်လိုက်သည်။ ထိုဖနောင့်ရာမှ ရေများထွက်လာသည်။ ဤရေဖြင့် လူများကို တိုက်ကျွေးပါ၊ ဤတောဤတောင်က ထွက်သော သစ်ရွက်၊ သစ်မြစ်၊ သစ်ဥ၊ သစ်ဖုတို့ဖြင့် ဝေဒနာများကို ကုသပါက ရောဂါပျောက်ကင်းလိမ့်မည်ဟု ပြောဆိုသွား၏။
များမကြာမီ ထိုအရပ်သို့ မဏိစည်သူမင်းကြီးသည် ဖောင်စကြာဖြင့် လိုက်လာသည်။ စောနန်းမွန်က ကိုယ်ထင်ပြသဖြင့် ဇီးတော မောင်းတုံတစ်ဝိုက်ကို အပိုင်စားပေးသနားသည်။ သူ့ဖနောင့်နှင့် ပေါက်သောနေရာမှ ရေအလွန်ထွက်သဖြင့် ရေရင်ကတော်ဘွဲ့ကို လည်း ပေးသနားသည်။
နှမဖြစ်သူ ဒေါသမကြီးရန် လိုက်လံတားမြစ်စဉ် ချောက်ထဲကျသွားသော တောင်းဦးနယ်စားမှာ မသေရှာပါ။ ကဝေသာရဘိုးဘိုးက ကယ်သဖြင့် ချမ်းသာရာရသွား၏။ ကဝေသာရဘိုးဘိုးသည် တကောင်းဘုရင် ဗေဟိန္ဒဖြစ်ကာ ကာမဒေဝီမယ်တော်၏ သားဖြစ်၏။ ကဝေသာရဘိုးဘိုးက တောင်းဦးနယ်စားကို စောနန်းမွန်ထံ သွားရောက်အပ်နှံသည်။ စောနန်းမွန်က စုန်းကဝေပညာများ သိကြားမင်းကို လှူလိုက်ရကြောင်း ငိုယိုပြောပြ၏။ ထို့ကြောင့် ကဝေသာရဘိုးဘိုးက အာသံနယ် အာသနတိုင်းရှိ ကာမဒေဝီမယ်တော်ထံ ကဝေသာရဘူတဝါဟနပညာ ထပ်မံသင်ယူရန် ခေါ်သွား၏။ မယ်တော်ထံအရောက်တွင် လူစင်စစ်မှ နတ်အဖြစ်သို့ ပြောင်းပေးကာ သူတော်စင် သူတော်ကောင်းများကို စောင့်ရှောက်ရန် တာဝန်ပေးခြင်း ခံရသည်။
တောင်ဦးနယ်စားမှာ ညီအစ်မသုံးယောက်အကြောင်း စုံစမ်းရန် ဘိုးလှမင်း၊ ဘိုးမြတ်ညို တို့၏ ရွာထဲသို့ ဝင်သွားရာ ရာဇဝတ်သား ဟုဆိုကာ ခဲနှင့် ဝိုင်းပေါက်ခြင်းခံရသည်။ ညီအစ်မသုံးယောက်မှာ ပုဂံတွင် အကျဉ်းကျနေဆဲဖြစ်၏။ သူတို့အားလုံး သေစေရန် မိဘုရား နာဂသိန်က အကျဉ်းထောင်ကို မှိုင်းတိုက်ရာ အသက်ရှုကျပ်ပြီး မေ့မျောသွားကြသည်။ ထိုအခါ ယင်းမာပင်နယ်သားများ လာရောက်ပြီး ကယ်တင်သွားကြသည်။
ညီအစ်မသုံးယောက်သည် နေ့တွင် ပုန်းအောင်းကာ ညတွင် ခရီးဆက်ခဲ့ကြသည်။ နေ့ရက်ကြာသောအခါ ယောနယ်၊ ဆောနယ် ဘက်သို့ သွားရန် အကြံနှင့် ကုန်းပေါ်တက်ကြစဉ် အစ်မလတ် ရှင်းဗြူးမှာ ကျန်ညီအစ်မများနှင့် ကွဲသွားသည်။
နာဂသိန်သည် ကထူးနယ်စား စောနန်းမွန်ခေါ် ရှင်ထူး၏အစ်မများ လွတ်မြောက်သွားသဖြင့် အခဲမကျေပေ။ ထိုကြောင့် ဇီးတော မောင်းတုံသို့ လိုက်သည်။ စောနန်းမွန် တည်ထားသော ဘုရားနှင့်နတ်ကွန်းကို ဖျက်ဆီးပစ်၏။ ထိုအခိုက် စောနန်းမွန်ရောက်လာ ပြီး ဇီးတော်ရွာ ယမားချောင်းအနီး စုန်းတလင်းတွင် ပညာချင်းပြိုင်ကြရာ နာဂသိန် ရှုံးပြီး ထွက်ပြေးရသည်။
စကားချပ် ။ ဇတ်လမ်းကတော့ နည်းနည်းပိုကောင်းလာသလိုပဲဗျ.....နော်...၊ လောလောဆယ်တော့ ဒီမှာတင် ခဏရပ်ထားလိုက် ဦးမယ်။ နောက်မှ “အမေရေရင် နတ်သမိုင်း ပထမမူကွဲ(၂)” ကို ဆက်ပြီးရေးတော့မယ်။ အဲဒါပြီးသွားရင် “အမေရေရင် နတ်သမိုင်း ဒုတိယမူကွဲ” ကို ဆက်တင်ပေးသွားပါမယ်။ အမေရေရင်နဲ့ ပတ်သက်တဲ့ ပုံကလည်း ရှားလိုက်တာဗျာ...၊ (၃၇) မင်းမှာ မပါတာ ကြောင့် နတ်သမိုင်းစာအုပ်တွေမှာလည်း ရှာလို့မတွေ့ဘူး။ နောက်မှ ရရင် ပြန်ထည့်ပေးပါ့မယ်။
Ref : “ခင်မောင်သန်း(စိတ်ပညာ) - ရိုးရာယုံကြည်မှုနှင့် ဓလေ့ထုံးစံများ”
Labels: , , ,
|
0 Comments:
Post a Comment
Links to this post:
Create a Link
<< Home
       ယင်းမာပင်မြို့နယ် မှတ်စုတို
တည်နေရာ
ယင်းမာပင်မြို့နယ်သည် စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် အတွင်း ချင်းတွင်းမြစ်၏ အနောက် ဘက် မြောက်လတ္တီကျု ၂၁ံ ၅၉' နှင့် ၂၂ံ ၁၉' အကြား၊ အရှေ့ လောင်ဂျီကျု ၉၃ံ၃၆' နှင့် ၉၅ံ ၁၅' အကြားတွင် တည်ရှိ၍၊ ရန်ကုန်မြို့၏ မြောက်ဘက် အနောက်ယွန်းယွန်း မိုင် (၄၀၀) အကွာတွင် တည်ရှိ ပါသည်။ ယင်းမာပင်မြို့နယ် ၏ အရှေ့ဘက်တွင် မုံရွာမြို့နယ် နှင့် ဆားလင်းကြီးမြို့နယ်၊ တောင်ဘက် တွင် ပုလဲမြို့နယ်နှင့် ကနီမြို့နယ်၊ မြောက်ဘက်တွင် ကနီမြို့နယ်တို့ ရှိကြပါသည်။
အကျယ်အ၀န်း
ယင်းမာပင် မြို့နယ်သည် ပင်လယ်ရေမျက် နှာပြင် အထက် ပေ (၄၀၀) တွင် ရှိပြီး ယေဘူယျ အားဖြင့် မြေပြင် ညီညာပြန့်ပြူး ပါသည်။ မြေပြန့်လွင်ပြင်မှာ ရာခိုင်နှုန်း (၄၈.၂၃%) ရှိပြီး စတုရန်းမိုင် အားဖြင့် (၁၇၄.၅၉) ရှိ၍ စတုရန်းမိုင် အားဖြင့် (၇၅.၈၂)၊ ဆင်ခြေလျှော မြေမှာ (၃၄၀.၀၂%) ဧရိယာအားဖြင့် (၁၁၂.၂၉) စတုရန်းမိုင် ရှိရာ ယင်းမာပင်မြို့နယ် မှာ စုစုပေါင်း အကျယ်အ၀န်း အားဖြင့် (၃၆၂.၇၀) ဧရိယာစတုရန်းမိုင် ကျယ်ဝန်း ပါသည်။
မြို့နယ်သမိုင်း
ယင်းမာပင်မြို့နယ်အား မြို့နယ်အဖြစ် ၁၉၀၁ ခုနှစ်တွင် ဗြိတိသျှအစိုးရမှ စတင်သတ်မှတ်ပြီး နယ်ပိုင်ဝန်ထောက် တစ်ဦး ရုံးထိုင်စေလျက် ပုလဲမြို့နယ်၊ ဆားလင်းကြီးမြို့နယ် တို့ကိုပါ အုပ်ချုပ်ရသော ခရိုင်ခွဲ (ဆဗ္ဗဒီဝီဇံ)မြို့အဖြစ် သတ်မှတ်ခဲ့ ပါသည်။ မြန်မာဘုရင်များ လက်ထက်ကမူ ယင်းမာပင် မြို့နယ် အပါအ၀င် ပုလဲမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့ ပါဝင်သော ဒေသများအား ဖန့်ချီနယ် (တချို့က `ဗန့်ဂျီနယ်´ ဟုလည်း ပြောကြ ပါသည်။) ဟု ခေါ်ဝေါ် သတ်မှတ် ခဲ့ပါသည်။ အဆိုပါ (၃)မြို့နယ်၏ အနောက်ဘက်တွင် ပင်တောင်၊ ငပြုံးတောင်၊ ဖန့်ဂျီတောင် ဟူ၍ ရှိရာ ဖန့်ဂျီတောင်သည် တောင်ယမား ချောင်းနှင့် မြောက်ယမားချောင်း အကြားတွင် တည်ရှိသော ကြောင့် အဆိုပါ ဒေသအတွင်း တည်ရှိသော နယ်မြေများကို ဖန့်ဂျီနယ်ဟု ခေါ်ဝေါ်ကြောင်း သိရှိရပါသည်။ မြို့နယ်အဖြစ် ၁၉၀၁ ခုနှစ်ကပင် ဗြိတိသျှအစိုးရက သတ်မှတ် ခဲ့သော်လည်း ယင်းမာပင်မြို့နယ်ကိုမူ မြို့အဖြစ် စနစ်သစ် အုပ်ချုပ်ရေး စတင်သည့် ၁၉၇၂ ခုနှစ်တွင်မှ တရားဝင် သတ်မှတ် ခဲ့ပါသည်။ ယခင်ကမူ ယင်းမာပင်မြို့နယ်သည် နယ်ပိုင်ရုံးစိုက် ဖြစ်သော်လည်း မြို့အဖြစ် တရားဝင် သတ်မှတ်ချက် မဟုတ်ဘဲ မြို့မအုပ်စု အဖြစ်သာ တည်ရှိ ခဲ့ပါသည်။
မြေအနေအထား
ယင်းမာပင် မြို့နယ် အတွင်း၌ တောင်တန်း နှင့် ဆင်ခြေလျှော ဒေသမှာ မြေပြန့်လွင်ပြင် ဧရိယာ ထက် ပိုမိုကျယ်ဝန်းသည် မှန်သော် လည်း ဤမြို့နယ်တွင် အလွန် မြင့်မားသော တောင်ကုန်း တောင် တန်းကြီးများ မရှိပါ။ မြို့နယ် အတွင်း ဖြတ်သန်း စီးဆင်းသည့် တောင်ကျ ချောင်း(ယမားချောင်း)မှာ အနောက်မှ အရှေ့သို့ စီးဆင်း၍ စုန်းကျင်းအုပ်စု၊ ဘိန်းနွယ်ချောင် ကျေးရွာအနီးတွင် ချင်းတွင်းမြစ် အတွင်းသို့ စီးဝင်ပါသည်။ တင်ဆုံချောင်းမှာ အနောက်မြောက်မှ အရှေ့တောင်သို့ စီးဆင်းပြီး နတ္ထောင့် ကျေးရွာ အနီးတွင် ပေါင်းဆုံပါသည်။ ၎င်းချောင်းများသည် ရေစီး အလွန် လျှင်မြန်သည်။ သို့ဖြစ်၍ ၎င်းချောင်းများ ဖြတ်သန်းစီးဆင်းသည့် ရွှေလှန်၊ ပန်းမထုံး၊ ရေအောင့် စသည့်ကျေးရွာများသည် ရံဖန်ရံခါ ရေတိုက်စားခြင်းများ ကြုံရပါသည်။
လမ်းပန်းဆက်သွယ်ရေး
မုံရွာ - ပုလဲ - ဂန့်ဂေါလမ်း ၊ ၁၂-ပေ အကျယ် ကတ္တရာခင်း ကားလမ်းသည် ယင်းမာပင်မြို့နယ်ကို ဖြတ်သန်းလျက် ရှိပါသည်။ မိုင်တိုင် အမှတ် ၉/၀ မိုင်မှ ၂၃/၄ မိုင်သည် ယင်းမာပင်မြို့နယ် အပိုင်း ဖြစ်၍ (၁၄) မိုင် (၄) ဖာလုံ ရှည်လျား ပါသည်။ ဤ မုံရွာ-ပုလဲ-ဂန့်ဂေါ လမ်းမှာ ရာသီမရွေး ဆက်သွယ် သွားလာနိုင်ပြီး ခရီးသည်နှင့် ကုန်စည် များကို သယ်ယူပို့ဆောင်ပေးလျက် ရှိပါသည်။ ထိုပြင် ပွင့်လင်းရာသီ၌ မြို့နယ် အတွင်းရှိ ကပိုင်၊ ဆင်စွယ်၊ ရင်ပေါင်တိုင် စသည့် ကျေးရွာများမှ ယင်းမာပင်မြို့ကို ဖြတ်သန်း၍ မုံရွာမြို့သို့ ခရီးသည်နှင့် ကုန်စည်များ ပို့ဆောင် ပေးခြင်း၊ ကနီ-ယင်းမာပင်-မုံရွာ ကားလမ်းဖြင့် သွားလာနိုင်ခြင်း တို့ဖြင့် လမ်းပန်းဆက် သွယ်ရေး အဆင်ပြေ ချောမွေ့လျက် ရှိပါသည်။ ယင်းမာပင်မြို့မှ မုံရွာမြို့သို့လည်း ကားကြီးကားငယ် များဖြင့် အချိန်မရွေး သွား လာနိုင် သကဲ့သို့ ယခုနောက်ပိုင်းမှ ဖွင့်လှစ်ခဲ့သော ကလေးဝ-ယာကြီး-မင်းဒေါင့်-မုံရွာ ကားလမ်းဖြင့် ချင်းတွင်းတံတား(မုံရွာ) ကို အသုံးပြုလျက် ယင်းမာပင် မြို့နယ်မှ ခရီးသည်နှင့် ကုန်စည် များကို အချိန်အခါမရွေး သယ်ယူပို့ဆောင် ပေးနေပြီ ဖြစ်ပါသည်။
ရာသီဥတု
ယင်းမာပင်မြို့နယ်သည် မြန်မာ နိုင်ငံအလယ်ပိုင်း ပူပြင်းခြောက် သွေ့သည့်အပိုင်းတွင် ပါရှိပါသည်။ တစ်နှစ်လျှင် ပျမ်းမျှ မိုးရေချိန် (၃၀)လက်မ နှင့် (၄၀)လက်မ အကြားသာ ရွားသွန်း လေ့ ရှိပါသည်။ မိုးရေချိန် အနည်းဆုံး လမှာ ဧပြီလဖြစ်၍ အများဆုံးလမှာ အောက်တိုဘာလ ဖြစ်ပါ သည်။ ပူပြင်း ခြောက်သွေ့သည့် ဒေသဖြစ်သည့် အလျောက် မိုးရာသီတွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများ ကျရောက်လေ့ ရှိပါသည်။ အပူချိန် အနေဖြင့် အနိမ့်ဆုံး (၄၀)ဒီဂရီ ဖာရင်ဟိုက် ဖြစ်၍ အမြင့်ဆုံး အပူချိန်မှာ (၁၁၀)ဒီဂရီ ဖာရင်ဟိုက် ဖြစ်ပါသည်။ အအေးဆုံးလ မှာ ဇန်န၀ါရီလ ဖြစ်၍ အပူဆုံးလမှာ ဧပြီလ ဖြစ်ပါသည်။
ပေါက်ရောက်သော အပင်များ
ယင်းမာပင်မြို့နယ်သည် မြေပြန့် အပူပိုင်း ဒေသတွင်သာ ပေါက် ရောက် နိုင်သည့် သန်း၊ ဒဟတ်၊ ထနောင်း၊ ရှား၊ ဇီးဖြူ၊ တယ်၊ တမာ၊ သမုန်း၊ သနပ်ခါး စသည့် အပင်များ ပေါက်ရောက် ပါသည်။ ချင်းတွင်းမြစ် ဘေးတလျှောက်နှင့် ချောင်းဘေး တို့တွင်လည်း သပြေ၊ ဘိုင်၊ ကတွတ်၊ သဖန်းပင်များ ပေါက်ရောက်လျက် တောင်စောင်း များတွင် အင်၊ အင်ကြင်း၊ ထောက်ကြံ့၊ တမလန်း၊ ပိတောက်၊ ပျဉ်းကတိုးပင်များ ပေါက်ရောက်ကာ တောင်ပေါ် မြေပြင်ပိုင်းတွင် ကျွန်း၊ သတီ၊ မျောက်ချောနှင့် မျှင်ဝါး၊ တင်းဝါး၊ သနပ်ခါး စသည်တို့ ပေါက်ရောက်ကြ ပါသည်။ ဆေးဘက်ဝင် အပင်များအနေဖြင့် တောင်ပေါ်၊ တောင်စောင်းများတွင် လက်ထုပ်၊ ဘုမ္မရာဇာ၊ သက်ရင်းကြီး၊ သက်ရင်းကလေး၊ နီပဆေး၊ မှန်နီ၊ ဆင်တုံးမနွယ်၊ မှန်နီ၊ ဆင်တုန်းမနွယ်၊ နာငါးပါး၊ နနွင်းခါး၊ တောရှောက်၊ မင်းကိုးခါ(မင်းကိုးဒါး) စသော ဆေးဘက်ဝင် အပင်များ ပေါက် ရောက် ပါသည်။
စိုက်ပျိုးရေး
ယင်းမာပင်မြို့နယ်တွင် စီမံကိန်း သီးနှံများ စိုက်ပျိုးထုန်လုပ်လျက် ရှိရာ မိုးရာသီ၌ မိုးကြိုစပါး စိုက်ပျိုးခြင်း၊ မိုးနှမ်း၊ မိုးပြောင်ဖူး၊ မြေပဲ၊ ၀ါကလေး၊ ပဲစိမ်းငုံ သီးနှံများ အဓိကထား၍ စိုက်ပျိုး ပြီး မိုးလယ်ရာသီတွင် စပါး၊ ပဲတီစိမ်း နှင့် နှံစားပြောင်း သီးနှံများ၊ မိုးနှောင်းရာသီတွင် ထောပန်ပဲ၊ စွန်တာနီ၊ ငရုတ်သီးနှံများ၊ ဆောင်းရာသီတွင် နှမ်းကြီး၊ ဆောင်းမြေပဲ၊ ကြက်သွန်ဖြူ၊ အာလူး၊ ကုလားပဲ၊ ဂျုံ သီးနှံများ အဓိကထား၍ စိုက်ပျိုး ထုတ်လုပ်ပါသည်။
ယင်းမာပင်မြို့နယ်၏ စိုက်ပျိုးလုပ်ကိုင်နိုင်သည့် မြေဧကမှာ (၁၂၁၇၆၄) ဧက ဖြစ်ပြီး၊ သစ်တောမြေမှာ (၃၄၂၉၈) ဧက ဖြစ်ပါသည်။ ပလပ်မြေ စုစုပေါင်းမှာ (၁၅၇၃၆) ဧက ရှိ၍ စိုးပျိုး မရသည့် မြေ စုစုပေါင်းမှာ (၄၀၉၈၂) ဧက ရှိပါသည်။
       နောက်ဆုံးအပြောင်းအလဲလေးတွေ
ပညာရေး
         အရင်တုန်းက ... မူကြိုကျောင်း (၁)ကျောင်း၊ အ.မ.က(၁) မူလ တန်းကျောင်း (၁)ကျောင်း နဲ့ အ.ထ.က(ယင်းမာပင်) အထက်တန်း ကျောင်း (၁)ကျောင်း ... ဒါပဲ ရှိတယ်။ ၁၉၉၂ ခုနှစ် လောက်ကစပြီး အ.မ.က(၂) ဆိုတာ ထပ်ဖွင့်တယ်၊ နေရာက တော့ (ခ)ရပ်ကွက် ထဲမှာပဲ (အရင် စာတိုက်ဟောင်း နေရာပေါ့)။ ဒီတော့ (က)ရပ်ကွက် (ကုလားတန်း လို့လည်း ခေါ်ကြတယ်) ဖက်က ကလေးတွေ အများဆုံး တက်ကြတယ်။ ၁၉၉၇ ခုနှစ် လောက်မှာ ဘုန်းတော်ကြီး စာသင်ကျောင်း (ဘ.က) ကို "ဇောတိက ကျောင်းတိုက်" ထဲမှာ ဖွင့်လှစ်နိုင်ခဲ့တယ်။ ဒီကျောင်းက လေးတန်း အထိရှိပြီး ငွေကြေးနွမ်းပါးတဲ့ ကလေးတွေနဲ့ စာသင်သံဃာတော် တွေ အတွက် ရည်ရွယ် ပါတယ်။
         ဒါကြောင့် ယင်းမာပင်မြို့ပေါ်မှာတင် မူကြိုကျောင်း (၁) ကျောင်း၊ ဘုန်းတော်ကြီးသင် စာသင်ကျောင်း (၁) ကျောင်း၊ မူလတန်း ကျောင်း (၂)ကျောင်း [အ.မ.က(၁) နှင့် အ.မ.က(၂)] နဲ့ အထက်တန်း ကျောင်း (၁)ကျောင်း ရှိလာတယ် ဆိုပါတော့ ...။
         အဲဒီနောက်ပိုင်း ... တခြားကျောင်းတွေအနေနဲ့ ဘာမှ အပြောင်း အလဲ မရှိပေမယ့် မူလတန်းကျောင်း (၂) ကျောင်း ဖြစ်တဲ့ အ.မ.က(၁) နဲ့ အ.မ.က(၂) ကတော့ မူလတန်းလွန်ကျောင်း တွေအဖြစ် ပြောင်းလဲတိုးတက် လာခဲ့ပါတယ်။ ( "မူလွန်ကျောင်း" ဆိုတဲ့ အခေါ်အဝေါ် က နည်းနည်းတော့ စိမ်းပါတယ်၊ ပြောရရင် တစ်နှစ်ကို တစ်တန်းစီ တိုးသွားတာမျိုးပါ။) အ.မ.က(၁)အနေနဲ့ ခုဆိုရင် ( ) တန်းထိ တိုးတက်လာပြီး ၊ အ.မ.က(၂) ကတော့ (၇)တန်း ထိ ရောက်နေပါပြီ။
         နောက်ပြီး ... ရွာသာရွာမှာ အလယ်တန်းကျောင်း တစ်ကျောင်းလည်း ရှိပါသေး တယ် (မူလတန်းကနေ ရှစ်တန်း အထိပေါ့)။ ဘယ်တုန်းက စဖွင့် ခဲ့လဲ ဆိုတာတော့ မမှတ်မိဘူး ဖြစ်နေပါတယ်။
         စာသင်ကျောင်း မဟုတ်ပေမယ့် အမျိုးသမီးရေးရာ က ဖွင့်လှစ် ထားတဲ့ အမျိုးသမီး အိမ်တွင်းမှု ကျောင်းကို လည်း ထည့်တွက်မယ် ဆိုရင် ထည့်တွက်လို့ ရပါတယ်၊ ဒီကျောင်းကို ၂၀၀၅ လောက်က ဖွင့်လှစ် လိုက်တာပါ။ နေရာကတော့ အရင် စက်မှုလယ်ယာ ရုံးဝင်းရဲ့ မြောက်ဖက် ဆန်ဂိုဒေါင် ဟောင်းကြီး တွေ နေရာမှာပါ။
         အခုလက်ရှိ ကျောင်းတွေနဲ့ ကျောင်းအုပ်ကြီးတွေရဲ့ အမည်စာရင်းတွေ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -
လက်ရှိ တာဝန်ထမ်းဆောင်နေသူများ ဖြစ်ပါသည်
ကျောင်းအမည် ကျောင်းအုပ်အမည်
အ.ထ.က(ယင်းမာပင်) ဦးဇော်ဝင်း (ယာယီ)
အ.မ.က(၁) ဒေါ်အေးအေးမာ
အ.မ.က(၂) ဒေါ်ဥမ္မာရွှေ
အ.လ.က(ရွာသာယာ) 9.9
ဘ.က 9.9
မူကြိုကျောင်း မရှိ (ဆရာမ နှစ်ဦးသာရှိ)
အမျိုးသမီး အိမ်တွင်းမှုကျောင်း ဒေါ်မြမြသင်း
         ၂၀၀၃ခုနှစ် နောက်ပိုင်း သိသိသာသာ ပြောင်းလဲသွားတာ တစ်ခု ကတော့ (၉)တန်း၊ (၁၀)တန်း ဘော်ဒါဆောင်တွေ တော်တော် ပေါလာတာ ပါပဲ။ (ခ-ရပ်ကွက် နဲ့ တိုးချဲ့ဖက်တွေမှာ အများဆုံး တွေ့ရ ပါတယ်။) မူလတန်း ကနေစပြီး ကျူရှင်တွေ၊ Guideတွေ ရှိလာပြီး ကလေးတိုင်းလိုလိုကလည်း ကျောင်းနဲ့ ကျူရှင် မနားတမ်း ပြေးနေ ကြရတယ်။ ယင်းမာပင်မြို့ပေါ်ရှိ နာမည်ရှိတဲ့ ဘော်ဒါဆောင် အချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-
ဘော်ဒါအမည် အုပ်ချုပ်သူ နေရာ
မြင့်မိုရ် ဦးမြင့်သန်းဦး ခ-ရပ်ကွက်(ပါတီရုံးဟောင်း)
EverGrade ဦးမောင်မောင်ထွေး ခ-ရပ်ကွက်
အောင်ထက်အောင် ဦးသိန်းထီ ခ-ရပ်ကွက်
ပညာမွန် ဦးစိုးတင့် ဂ-ရပ်ကွက်
ဂုဏ်ထူးဝေ ဦးသန်းထွန်းဝင်း ဂ-ရပ်ကွက်(တိုးချဲ့)
Excellent ဦးမြလှိုင် ဂ-ရပ်ကွက်(တိုးချဲ့)
ယောမင်းကြီး ဦးဝင်းလှိုင် ဂ-ရပ်ကွက်(တိုးချဲ့)
ငြိမ်းချမ်း ဦးစန်းမောင် ခ-ရပ်ကွက်(တိုးချဲ့)
ငွေစန္ဒာ ဒေါ်ခင်နှင်းဖြူ ခ-ရပ်ကွက်(တိုးချဲ့)
သရဖူ ဦးသိန်းမင်းလှိုင် ခ-ရပ်ကွက်(တိုးချဲ့)
Golden ဦး - က-ရပ်ကွက်
လူမှု့ရေး
         အရင်က လူမှုရေး ကိစ္စတွေ ပေါ်လာတိုင်း ၀ိုင်းဝန်း အကြံပေး ကူညီတတ် ကြပေမယ့် ခုနောက်ပိုင်းမှာ နည်းနည်း စိမ်းသွား တယ်လို့ ခံစား ရပါတယ်။ ခင်ရာခင်ကြောင်း တွေလောက်ပဲ ရောက် လာ ကြတော့တယ်။ ဒါကလည်း နောက်တက်လာတဲ့ မျိုးဆက်သစ် လူငယ်တွေရဲ့ ခံယူချက် အပြောင်းအလဲကြောင့်လည်း ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်။
         အဲဒီ နောက်တက် လူငယ်တွေဟာ ရှေးအစွဲ အချို့ကို လျော့ချခဲ ပါတယ်။ ဥပမာ- ဒီမြို့ ပေါ်မှာ တိုက်မဆောက် ရဘူး၊ ဆောက်ရင် ဘာဖြစ်တယ် ညာဖြစ်တယ် . . . တို့ ၊ အမေရေယာဉ် ရဲ့ နယ်မို့ လှေကို "လှေ" လို့ မပြောရဘူး... "ခေါင်း" လို့ ပြောရမယ် တို့ ၊ ဒီမြို့နယ် သား ဖြစ်ရင် တစ်နှစ် တစ်ခါ အမေရေယာဉ် နတ်နန်း ဆီလာပြီး ရေစင် ဆက်ရမယ် တို့ ..... ။
         ဒါပေမယ့် ... ရန်ကုန်မှာ နေတယ်၊ နိုင်ငံခြား သွားတယ် ဆိုတာနဲ့ ရမ်းစမ်းပြီး အထင်ကြီး ပစ်တတ်ကြတဲ့ အစွဲလေးတွေ တော့ ရှိဆဲ ပါပဲ။
စီးပွားရေး
         ၂၀၀၄ခုနှစ် လောက်ကစပြီး ဓာတ်ဆီဆိုင်တွေကို အရှေ့ဖက် မြို့အ၀င် မှာ စနစ်တကျ ဖွင့်လှစ်နိုင်ခဲ့တယ်။ ( ဆိုင်ကယ်တွေကို အိမ်တိုင်းနီးပါး ၀ယ်နိုင် လာကြတာရဲ့ အကျိုးဆက်တစ်ခုပေါ့။ အဲဒါရဲ့ နောက်ဆက်တွဲ တစ်ခုက ဆိုင်ကယ်ဝပ်ရှော့တွေပါ ပေါ်လာ တာပါပဲ။) အရင်က မန္တလေးနဲ့ မုံရွာကုတ် လိုင်းဖုန်းတွေကို သုံးနေရာ ကနေ GSMဖုန်းဆိုင်တွေ ပေါ်လာတယ်။ (အခုဆို ပြည်ပခေါ်ဆို မှု့တွေ အထိ လွယ်သွားပြီ။)
         နှစ်ပေ၊ ရှစ်ပေစလောင်းတွေကိုလည်း အိမ်တွေ အတော် များများ မှာ ၀ယ်တပ်လာကြတယ်။ နောက်... ရေခဲသေတ္တာ၊ မီးအား မြင့်စက်၊ မီးစက်၊ အင်ဗာတာ တွေကိုလည်း သုံးစွဲလာကြတယ်။ လူနေမှု့ အဆင့်အတန်း အနည်းငယ် မြင့်တက်လာတဲ့ ပုံစံမျိုးပါ။
         နှင်းဆီပန်းကို အဓိကထား စိုက်ပျိုးကြတဲ့ စိုက်ပျိုးရေးခြံ တွေကို အခု နောက်ပိုင်းမှာ လုပ်ကိုင် လာကြတယ်။ နောက် - - - ရေထွက် သိပ်မကောင်းတဲ့ ရေကန်တွေမှာ ငါးမွေးတာကိုလည်း လုပ်ကိုင် လာကြတယ်။ အခြား ကြက်မွေးမြူရေးတို့ ၊ ကွမ်းစိုက် တာတို့ လည်း လုပ်နေကြဆဲ ပါပဲ။
         နောက် ... သိသိသာသာ တိုးလာတာကတော့ လက်ဖက် ရည်ဆိုင် တွေ နဲ့ စိုက်ပျိုးရေးဆေးပစ္စည်းဆိုင် တွေပါပဲ။ ဒီဂျစ်တယ် ဓါတ်ပုံဆိုင်၊ ကွန်ပျူတာ စာစီနဲ့ မိတ္တူဆိုင်တွေပါ တွေ့လာ ရပါပြီ။
ဘာသာရေး
         ယခင်က ဇောတိကကျောင်း၊ ရေ၀န်းကျောင်း၊ မာန်ဘရာ ကျောင်း၊ သီးပင်ကျောင်း ဆိုပြီး ဘုန်းကြီးကျောင်း (၄) ကျောင်းပဲ မြို့ပေါ်မှာ ရှိခဲ့တယ်။ ဦးစံပေါကျောင်း နဲ့ မိုးကုတ်ဝိပါဿနာကျောင်း တွေကို ထည့်မတွက်ဘူး ဆိုရင်ပေါ့ ---။
         နောက်ပိုင်းမှာ ဦးစံပေါကျောင်းကို "တောရကျောင်း"လို့ အမည် ပြောင်းပြီး မယ်သီလရင် ကျောင်းတစ်ခုကိုပါ အဲဒီနားမှာ ထပ်ပြီး တည်ဆောက်ခဲ့ ပါတယ်။ မိုးကုတ် ၀ိပဿနာ ကျောင်းတိုက် ကတော့ သံတံတားကြီး အနောက်ဖက်ကနေ အရှေ့တိုးချဲ့ဖက် ကို ရွေ့သွားခဲ့ပါတယ်။
         ထပ်ပြီးပေါ်လာတဲ့ ဘုန်းကြီးကျောင်းကတော့ "ရွှေပေါက်ပင် တောရ ကျောင်းတိုက်" ပါပဲ။ (နေရာက မြို့အ၀င် ပေါက်ပင်ကူး တံတား အရှေ့ဖက်နားလေး မှာပါ။) ဒီကျောင်းတိုက်ကို ယခင် "ဇောတိက ကျောင်းတိုက်" ကျောင်းထိုင်ဆရာတော် ဦးဌေးယျ ကပဲ တည်ထောင် သွားခဲ့တာပါ။ အဲဒီကျောင်းနဲ့ မျက်နှာချင်းဆိုင် လမ်းတစ်ဖက် မှာတော့ မယ်သီလရင် ကျောင်းတိုက် တစ်ခု ထပ်ရှိပါသေးတယ်(နေရာ အတိအကျ ဆိုရင်တော့ ပေါက်ပင်ကူး မြို့ဦးစေတီနဲ့ ကပ်ရက်ပေါ့)။
         ဒါကြောင့် ယင်းမာပင်မြို့ပေါ်မှာတင် မယ်သီလရင် ကျောင်းတိုက် (၂)ခု ရှိနေပြီ ဖြစ်ပါတယ်။ မြို့ပေါ်ကျေးရွာ နဲ့ ပြောင်းပြာကျေးရွာ ကြားမှာတော့ နောက်ထပ် မယ်သီလရင် ကျောင်းတိုက် တစ်ခု ရှိပါသေးတယ်။ မြို့နယ်တွင်းမှာလို့ ပြောရင်တော့ မယ်သီလရင် ကျောင်းတိုက် (၃)တိုက် ရှိသွားပြီ လို့ ပြောနိုင်ပါတယ်။
         အခြားဘာသာဝင်များ အနေနဲ့ က-ရပ်ကွက်(ကုလားတန်း) ဘက်မှာ တော့ အစ္စလမ်ဘာသာ ဘုရားဝတ်ပြုကျောင်း (ဗလီ) တစ်ခု ရှိပါတယ်။ ဂ-ရပ်ကွက်(တိုးချဲ့) ဖက်မှာလည်း သာသနာ ပြုနေတဲ့ ခရစ်ယာန် သာသနာပြုအဖွဲ့ တစ်ဖွဲ့ ရှိပါတယ်။
You can See This blog from this URL
without Access Denied in Local(Myanmar).
http://yinmarbin.myanamarbloggers.org
Web Yinmarbin Blog
About Me...
    I'm Ðaywalker[Soul] From Yinmarbin Town, Sagaing, Myanmar (Burma) အညာမှာမွေးတယ်၊ အညာမှာ ပဲ ကြီးတယ်.... အညာသား စစ်စစ်ပါ။ ခုတော့ ..... အဝေးမှာ ဒီလိုပဲ .... ။ ရုပ်ကလား? Ðaywalker ပါဆိုဗျာ ... သွေးစုပ်ဖုတ်ကောင် နဲ့ တူတာပေါ့ .... :D/
    My profile
About this Blog
Yinmarbin Logo
လတ်တလော ဖတ်စရာလေးတွေ
အရင်က ရေးထားတာလေးတွေ
အကြောင်းအရာအလိုက် ဖတ်ရှုရန်
ဆက်သွယ်ရန်
Mail to Ðaywalker[soul]:
soul88ster@gmail.com
ဒီနေ့ ယင်းမာပင်မြို့ရဲ့ရာသီဥတု
Forecast for
ပြောချင်တာပြောခဲ့ဖို့
အီးမေးလ်ကတဆင့် ဖတ်ရန်
Enter your email address:
Delivered by FeedBurner
ယင်းမာပင် Group
Google Groups
Subscribe to Yinmarbin (ယင်းမာပင်)
Email:
Visit this group
ဒေါင်းလုဒ်ရယူနိုင်သော စာအုပ်များ
"အလင်းနစ်"ရဲ့ကိုယ်ပိုင်သံစဉ်အချို့
ဒေါင်းလုဒ်ရယူနိုင်သော သီချင်းများ
အညာအသိုင်းအ၀ိုင်း Links
သွားလည်ချင်စရာLinks
လာရောက် ဖတ်ရှု့သူတွေ
Locations of visitors to this page
hit counters
မြို့ကလေးအတွက် ကဗျာ
"အိပ်တန်းပြန် - စိုးလှိုက်ဦး"
မိုးခေါင်ရေရှားတဲ့ အညာပေမယ့်
အလွမ်းတွေချည်း တူးတူးခါးခါးပွင့်ဝေနိုင်တာလေးတစ်ခုနဲ့ပဲ
အဲဒီ "ယင်းမာပင်" မြို့ ကလေးကို
"တမာပင်မြို့ " လို့ ပြောင်းခေါ်ရင်ကောင်းမယ်
ကိုယ့်မေမေရှိတဲ့ မြို့ ကလေးမို့
"မေမေ" လို့ ခေါ်ရင်လည်း ရတာပဲ။
သူ့ရင်ဘတ်ပေါ်က
ရေအပြည့်နဲ့ကျောက်ပေါက်ခွက်ကလေးတွေကို ကြည့်ပြီး
နောင်မှာ ရေနစ်နိုင်တယ်လို့ အတိတ်ကောက်နေတဲ့
ရေဖောဖောချိုးတတ်တဲ့အကျင့်နဲ့ မြို့ကလေးမှာ
ဂျပန်ခေတ်ကတည်းက တံတားအိုလေးလည်းရှိမယ်
အကြိုက်မတူတဲ့သီချင်းတွေ သောက်နေတတ်တဲ့ ကော်ဖီဆိုင်လေးလည်းရှိမယ်၊
အဖြူထည်မရင့်ကျက်မှု့တွေ ဖြန့်ခင်းထားတဲ့ စာသင်ကျောင်းလေးလည်းရှိမယ်၊
(သူ့စားကျက်မှာ သိုးတွေပဲကျောင်းခွင့်ရှိတယ်)
တံခါးမရှိတဲ့စိတ်လုံကိုယ်လုံ ကိုယ့်မိသားစုလေးလည်းရှိမယ်၊
ဘယ်တော့မှ မမေ့နိုင်တော့မယ့် အမေ့ခံကောင်မလေးလည်း ရှိမယ်၊
နာမည်မသိတဲ့အရောင်လေးချည်းပဲ ၀တ်ထားတတ်တဲ့ကားလေးလည်းရှိမယ်၊
ကိုယ့်သူငယ်ချင်းကလေးတွေလည်း ရှိမယ်၊
တစ်ခါကမက်ဖူးတဲ့ ကိုယ်အိပ်မက်ဟောင်းလေးလည်းရှိမယ်၊
အဲဒါလေးတွေနဲ့ ပဲ
ကိုယ့်သတိရစိတ်ကလေးတွေ အမြဲစိမ်းစိုခဲ့ရတော့တာပါပဲ။
အိပ်မက်ကြီးကြီးနဲ့ဘ၀က ဆန္ဒနဲ့မတည့်ဘူးမို့လား
ဒီတော့-----
အားတက်သရော ဝေးလွင့်ရတဲ့ဘ၀ရဲ့ စိတ်ရောကိုယ်ပါ မနက်ဖြန်ကျရင်
"ဂငယ်ကွေ့ " ကို တည့်တည့်မတ်မတ် ပြန်ကွေ့မယ်
ရှိတ်စပီးယားပြဇာတ်တွေထက် လွမ်းဖို့ကောင်းတဲ့မြို့ကလေးရေ
တတ်နိုင်တဲ့တစ်နေ့ကျရင်တော့
အိမ်ပြန်တတ်တဲ့ ဖိနပ်တစ်ရံ ၀ယ်မယ် စိတ်ကူးထားတယ်ကွယ့်။                                  ။
Yinmarbin-poem Photo
မြို့ကလေးရဲ့ တွေ့ဆုံခန်း စကားများ
လာရောက်ဖတ်ရှုသူ အရေအတွက်
RSS Feeds,Bookmarks & Traffic
Subscribe
Msn bot last visit powered by MyPagerank.Net
Yahoo bot last visit powered by MyPagerank.Net
Powered by  MyPagerank.Net
Add to Technorati Favorites
Add to Technorati Favorites
City Guide Blogs - Blog Catalog Blog Directory
blogarama - the blog directory
XML
Google Reader or Homepage
Add to My Yahoo!
Subscribe with Bloglines
Subscribe in NewsGator Online
BittyBrowser
Add to My AOL
Convert RSS to PDF
Subscribe in Rojo
Subscribe in FeedLounge
Subscribe with Pluck RSS reader
Kinja Digest
Solosub
MultiRSS
Rss fwd
Blogarithm
Eskobo
gritwire
BotABlog
Simpify!
Add to Technorati Favorites!
Add to netvibes
Add this site to your Protopage
Subscribe in NewsAlloy
Subscribe in myEarthlink
Add to your phone
.CO.NR Free Domain
Creative Commons License
MyNativeTown by Daywalker is licensed under a Creative Commons Attribution 3.0 United States License.
Based on a work at yinmarbin.blogspot.com.
Permissions beyond the scope of this license may be available at http://yinmarbin.blogspot.com.
Copyright © 1997- Rainbow Arch
Powered By
Powered by Blogger
...Sorry! I am trying on...... But.... This Blog is not complete till now!!...